အကြောင်းအရာ။ အစောင့်၊ ယာဉ်မောင်းနှင့် သန့်ရှင်းရေး နေရာများအတွက် လျှောက်လွှာခေါ်ယူခြင်း
၁။ မြန်မာနိုင်ငံတိုင်းရင်းသားဘာသာစကားဦးစီးဌာနတွင် အောက်ဖော်ပြပါ ရာထူး/တာဝန်များတွင် ခန့်ထားနိုင်ရန်အတွက် သတ်မှတ်ချက်နှင့် ကိုက်ညီသူများ လျှောက်ထားနိုင်သည်-
၂။ လျှောက်ထားသူသည်-
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။
(ခ) အနိမ့်ဆုံး ပညာအရည်အချင်း အခြေခံပညာအလယ်တန်းအဆင့်ရှိရမည်။
အမြဲတမ်းဝန်ထမ်းအတွက် အခြေခံပညာအထက်တန်းအဆင့်ရှိရမည်။
(ဂ) ယာဉ်မောင်းလျှောက်ထားလျှင် ယာဉ်မောင်းလိုင်စင်တင်ပြနိုင်ရမည်။
(ဃ) ကျန်းမာရေးကောင်းမွန်ပြီး နေ့/ညမရွေး တာဝန်ချထားသည့်အချိန်၊ တာဝန်ချ ထားသည့်နေရာတွင် တာဝန်ထမ်းဆောင် နိုင်ရမည်။
(င) အမြဲတမ်းဝန်ထမ်းအစောင့်ရာထူးအတွက် ရွေးချယ်ခံရလျှင် အနည်းဆုံး(၃)နှစ် တာဝန် ထမ်းဆောင် နိုင်ရမည်။
၃။ သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသူများသည် လူတွေ့စစ်ဆေးခြင်းနှင့် လက်တွေ့စစ်ဆေးခြင်းကို အောက်ပါအစီအစဉ်အတိုင်း ဤဦးစီးဌာန၊ ရန်ကုန်ရုံးခွဲတွင် ဖြေဆိုကြရမည်ဖြစ်သည်-
၂။ ကိုယ်ရေးလျှောက်လွှာနှင့်အတူ အောက်ပါအချက်အလက်များကိုပူးတွဲတင်ပြရမည်-
(က) တစ်လအတွင်းရိုက်ကူးထားသော လိုင်စင်ဓာတ်ပုံ (၂)ပုံ
(ခ) နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ
(ဂ) ပညာအရည်အချင်းအတွက် အောက်လက်မှတ်မိတ္တူ
(ဃ) ယာဉ်မောင်းလျှောက်ထားသူများအတွက် ယာဉ်မောင်းလိုင်စင်မိတ္တူ
(င) အလုပ်သမား မှတ်ပုံတင်ကတ်ပြားမိတ္တူ
(စ) လွန်ခဲ့သောတစ်လအတွင်း ရရှိထားသော အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း မိမိနေထိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံစာ မူရင်းနှင့် ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်း ထောက်ခံစာမူရင်း
၅။ လူတွေ့စာမေးပွဲလာရောက်ဖြေဆိုသည့်နေ့တွင် ကိုယ်ရေးလျှောက်လွှာနှင့်အတူ ပူးတွဲတင်ပြထားသော မိတ္တူများ၏ အထောက်အထား မူရင်းများကို တစ်ပါတည်းယူဆောင်လာရမည်။
၆။ လျှောက်လွှာကို ၂၉-၁-၂၀၁၈ ရက် (တနင်္လာနေ့) ညနေ (၄)နာရီ နောက်ဆုံးထား၍ ဤဦးစီး ဌာန(ရန်ကုန်ရုံးခွဲ)၊ အင်းယာလမ်းသို့ ပေးပို့လျှောက်ထားရမည်။ နောက်ကျလျှောက်လွှာများကို လက်ခံစဉ်းစားမည်မဟုတ်ပါ။